ထန်းတပင်မြိုနယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ ကလေးငယ်များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်၍ ထိုးနှံပေးနေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထန်းတပင်မြိုနယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ ကလေးငယ်များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်၍ ထိုးနှံပေးနေ




ထန်းတပင်၊ နိုဝင်ဘာလ ၁၅

ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေးအတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင် ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာလ(၁၅)ရက်နေ့က ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသည့် ကျောင်းသား၊ ကျောင်းသူကလေးငယ်လေးများအား ဒုတိယအကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို သက်ဆိုင်ရာစုရပ်ကျောင်းများအလိုက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အသက်(၁၂)နှစ်အထက် အသက်အရွယ်ရှိသည့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးရာတွင်လည်း အ.ထ.က(ထန်းတပင်)ကျောင်း၊ အ.ထ.က(ခွဲ)ရိုးခွကျောင်း၊ အ.ထ.က(ခွဲ)ဝါးတရာ၊ အ.ထ.က(ပန်းတိုင်)၊ အ.ထ.က(နဲသမိန်)၊ အ.ထ.က(ကျူတော)၊ အ.ထ.က(ခွဲ) တလိုင်မှီနှင့် အ.ထ.က(လှည်းဆိပ်)ကျောင်း စုရပ်နေရာ(၈)ခုတို့တွင် အခြေခံပညာကျောင်း (၁၇)ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူကလေးငယ်များကို ထိုးနှံပေးခြင်းဖြစ်ကာ အ.ထ.က (ထန်းတပင်)ကျောင်း စုရပ်နေရာတွင် ကျောင်းသား၊ ကျောင်းသူ(၃၅၉)ဦး၊ အ.ထ.က(ခွဲ)ရိုးခွ ကျောင်းစုရပ်နေရာတွင် ကျောင်းသား၊ ကျောင်းသူ(၁၁၂)ဦး၊ အ.ထ.က(ခွဲ)ဝါးတရာကျောင်း စုရပ်နေရာတွင် ကျောင်းသား၊ ကျောင်းသူ(၆၂)ဦး၊ အ.ထ.က(ပန်းတိုင်) ကျောင်းစုရပ်နေရာတွင် ကျောင်းသား၊ ကျောင်းသူ(၁၈၀)ဦး၊ အ.ထ.က(နဲသမိန်)စုရပ်နေရာတွင် ကျောင်းသား၊ သူ(၁၁၉)ဦး၊ အ.ထ.က(ကျူတော) စုရပ်နေရာတွင် ကျောင်းသား၊ ကျောင်းသူ(၃၁၅)ဦး၊ အ.ထ.က(ခွဲ) တလိုင်မှီကျောင်း စုရပ်နေရာတွင် ကျောင်းသား၊ ကျောင်းသူ (၈၀)ဦး နှင့် အ.ထ.က(လှည်းဆိပ်) ကျောင်းစုရပ်နေရာတွင် ကျောင်းသား၊ ကျောင်းသူ (၁၆၇)ဦး စုစုပေါင်းအခြေခံပညာကျောင်း (၁၇)ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ(၁,၃၉၄)ဦးတို့ ကာကွယ်ဆေးလာရောက် ထိုးနှံခဲ့ကြကြောင်း သိရပြီး ဒုတိယအကြိမ်မြောက် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆက်လက်၍ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အသက်(၁၂)နှစ်အထက် အသက်အရွယ်ရှိသည့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကာကွယ်ဆေးထိုးနှံရာတွင်လည်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်ဇင်နှင့် ကျန်းမာရေး ဝန်ထမ်းများက ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိသလို ကာကွယ်ဆေးထိုးနှံနေမှုများကိုလည်း မြို့နယ်စီမံအုပ်ချုပ္ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုများဖြင့် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

သတင်း - ဇင်မင်းထိုက်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)