ညောင်လေးပင်မြို့နယ်၌ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်လေးပင်မြို့နယ်၌ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ


ညောင်လေးပင်၊ နိုဝင်ဘာ   ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့တွင ်အသက်(၁၂)နှစ်အထက် ကျောင်းသူ၊ ကျောင်းသားများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၈)နာရီအချိန်၌ မြို့မ(၁)ရပ်ကွက်ရှိ မဟာတိလောက သယမ္ဘူဘုရားကြီးစောင်းတန်း၌ ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် စေတနာ့ ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးခဲ့ကြပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျန်းမာရေး ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆောင်ရွက် ပေးခဲ့ကြသည်။

ညောင်လေးပင်မြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ ၈၀၀၀ ဦးကျော်ရှိသည့် အနက် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပထမအကြိမ်အဖြစ် ထိုးနှံပေးထားသော ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးနှံရန် လာရောက် ကြသော ကျောင်းသား/သူများအား မှတ်တမ်းများရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းများဆောင်ရွက်ပေးကာ ပုံမှန်ဖြစ်သော ကျောင်းသား၊ ကျောင်းသူများကိုသာ ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com


ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)