တန့်ဆည်မြို့နယ်တွင် အသက် ၁၈ နှစ်နှင့် အထက်ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

တန့်ဆည်မြို့နယ်တွင် အသက် ၁၈ နှစ်နှင့် အထက်ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

              

တန့်ဆည်၊ နိုဝင်ဘာ  ၂၃

တန့်ဆည်မြို့နယ်တွင် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများကို ယနေ့နံနက် ၈ နာရီမှ စတင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံခြင်းကို တစ်ကြိမ်တစ်ခါမှ ထိုးနှံရခြင်းမရှိသေးသည့် ၁၈ နစ်အထက် မည်သူမဆို လာရောက်ထိုးနှံနိုင်ကြောင်း စတုထ္ထအသုတ် (ပထမအကြိမ်)အဖြစ် လူဦးရေ (၂၀၀၀)ဦးကို ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ထိုးနှံထားသူများကိုလည်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း၊ တန့်ဆည်မြို့နယ်အတွင်း ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသူ (၁၁၀၀၀)ဦးရှိပြီး ဆေးထိုးနှံမှု အဆင်ပြေစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာဆိုင်ရာ အကြီးအကဲများ၊ အထွေထွေအုပ်ချုပ် ဦးစီးဌာနဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။

 သတင်း - ညိုထွန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)