Pages

Pages

တာချီလိတ်မြို့တွင် ပထမအကြိမ်အဖြစ် အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား / ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး



တာချီလိတ်၊ နိုဝင်ဘာ  ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ဟောင်လိတ်ရပ်ကွက်ရှိ အခြေခံ ပညာ အထက်တန်း ကျောင်း၌ ပထမအကြိမ်အဖြစ် အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အတွက် ပထမအကြိမ်အဖြစ် ကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်း၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပထမအကြိမ်အဖြစ် အသက် ၁၂ နှစ် အထက်ကျေားသား ကျောင်းသူများကို၊ ရန်အောင်မြေ (အ.လ.က ) ကျောင်း ၊ ကိုယ်ပိုင် (အ.ထ.က ) ကျောင်းများ ၊ မယ်ဟုတ် (အ.ထ.က) ခွဲ ၊ ဆန်ဆိုင်း (အ.ထ.က) ကျောင်းများသို့ ဆက်လက်ထိုးနှံပေးသွားဖြစ်ကြောင်း သိရသည်။

ဆေးထိုးနှံပေးမည့်ကျောင်းသား ကျောင်းသူများကို ကျန်းမာရေး ဝန်ထမ်းများမှ ရောဂါခံ ရှိ/မရှိ စစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်အပူချိန် တိုင်းခြင်းများ စနစ်တကျ ပြုလုပ်ပေးပြီး ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြောင်း၊ ကာကွယ် ဆေးထိုးနှံပေးသည့်  ကျောင်းသား ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် အဖွဲ့ဝင်များ  သွားရောက်ကြည့်ရှုခဲ့ပြီး ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောက်ရှောက်ရေး အသင်းဝင်များက ပါဝင်ကူညီပေးခဲ့ကြကြောင်း သိရသည်။

သတင်း - ယာဆေး (ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق