သမဝါယမဦးစီးဌာနမှ မြို့နေပြည်သူများအား အသက်သာဆုံးဈေးနှုန်းဖြင့် ရောင်းချပေးမည့် ဆန်နှင့် ကြက်သွန်နီများ ကော့သောင်းမြို့သို့ ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သမဝါယမဦးစီးဌာနမှ မြို့နေပြည်သူများအား အသက်သာဆုံးဈေးနှုန်းဖြင့် ရောင်းချပေးမည့် ဆန်နှင့် ကြက်သွန်နီများ ကော့သောင်းမြို့သို့ ရောက်ရှိ


ကော့သောင်း၊ နိုဝင်ဘာ  ၂၉

ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ဆဲ ကာလအတွင်း ကုန်ဈေးနှုန်းများ တည်ငြိမ်စေရန်အတွက်   မြို့နေ ပြည်သူများ  အသက်သာဆုံးဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန် မြို့နယ်သမဝါယမဦးစီး ဌာနမှ ဖြန့်ဖြူးရောင်းချမည့် အခြေခံ စားကုန်ဆန်နှင့် ကြက်သွန်နီများ ကော့သောင်းမြို့၊ တော်ဝင်ဆိပ်ကမ်းသို့ ယနေ့ နံနက်က ရောက်ရှိလာကြောင်း သိရသည်။

အဆိုပါ ဆန်နှင့် ကြက်သွန်နီများအား ပြည်ထောင်စုဝန်ကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ တာဝန်ပေးချက်အရ (၁၂)ပြည်ဝင် ပေါ်ဆန်းဆန်(၂၈၀၀) အိတ်၊ ဇီယာဆန်(၂၀၀)အိတ်၊ ကြက်သွန်နီပိသာပါ(၅၀၀)အား တပ်မတော် (ရေ) ကမ်းထိုးစစ်ရေယာဉ်ဖြင့် မြိတ်မြို့မှတစ်ဆင့် ရောက်ရှိလာခြင်းဖြစ်ရာ ကော့သောင်း မြို့နယ် သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

ရောက်ရှိလာသည့် အခြေခံစားကုန်ဆန်နှင့် ကြက်သွန်နီများကို ကော့သောင်းမြို့နယ် သမဝါယမဦးစီးဌာနက  မြို့နယ်အတွင်းရှိ  သမဝါယမအသင်းများ၊ ခရိုင်ဝန်ထမ်းပေါင်းစုံ သမဝါယမအသင်း၊ ငွေစုငွေချေး သမဝါယမအသင်းမှ အမှုဆောင်များနှင့် ညှိနှိုင်းဆွေးနွေး၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုနှင့် အခြေခံသမဝါယမ အသင်းများ၊ မြို့နေပြည်သူများအား သက်သာသော နှုန်းထားများဖြင့်     ဖြန့်ဖြူးရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည် ။

သတင်း - ကျော်စိုး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)