မိုင်းဆတ်၊ နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ များအား ပထမအသုတ် ဒုတိယ အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ထိုးနှံခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာ အထက်တန်း ကျောင်းတွင် စတင်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေး ဝန်ထမ်းများနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု တိုင်းတာပေးခြင်း တို့ကိုဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်ပညာရေးမှူး ဦးစိုင်းတင့်ဆန်းနှင့် တာဝန်ရှိသူတို့က လာရောက်ကြည့်ရှု အားပေး ခဲ့ကြပြီး အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ (၁၉၃၂) ဦးကို သတ်မှတ်စုရပ်နေရာ(၁၆)နေရာတွင် စတင် ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာလ (၁၇)ရက်နေ့တွင် အ.ထ.ကခွဲ (လ-၁)၊ အ.ထ.က မိုင်းခုတ်နှင့် အ.လ.က မိုင်းနင်းကျောင်းတို့တွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - မြင့်မောင်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
ليست هناك تعليقات:
إرسال تعليق