ပေါင်းတည်၊ နိုဝင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ကျောင်းသားကျောင်းသူလေးများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အသက်(၁၂) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) အမျိုးအစား ပထမအကြိမ် ထိုးနှံပြီးသူများကို ယခုဒုတိယအကြိမ်အဖြစ် သတ်မှတ်ထားသော ဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက် ရှိရာ ယနေ့နံနက်ပိုင်းမှစ၍ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လာရောက် ကြည့်ရှုအားပေးကြပြီး ကျောင်းသားကျောင်းသူလေးများအား မုန့်များ ဝေငှပေးသည်။ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်အတွင်း ကျောင်းများရှိ ဆေးထိုးစုရပ်(၃၀)တွင် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ စုစုပေါင်း (၂၂၀၂)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးပထမအကြိမ် ထိုးနှံထားပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
သတင်း - အေးအေးဆင့်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
ليست هناك تعليقات:
إرسال تعليق