ကျေးရွာအုပ်စုအတွင်းမှ အသက်(၁၈)နှစ်အထက် စတုတ္ထသုတ်ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ(၃၁၅)ဦးရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျေးရွာအုပ်စုအတွင်းမှ အသက်(၁၈)နှစ်အထက် စတုတ္ထသုတ်ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ(၃၁၅)ဦးရှိ




နောင်တရား၊ နိုဝင်ဘာလ  ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ် ကျေးရွာအုပ်စု တီကျစ် အ.ထ.ကကျောင်း၌ အသက်(၁၈)နှစ်အထက် စတုတ္ထသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသူ (၃၁၅)ဦး ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတော်မှ ကာကွယ်ဆေးလုပ်ငန်းများ ကို ဦးစားပေးအစီအလိုက် ဆောင်ရွက်ပေးလျက်ရှိပြီး ကျေးရွာအုပ်စုများအတွင်းမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများကို စတုတ္ထသုတ်၊ ပထမအကြိမ်အဖြစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် တီကျစ် အ.ထ.ကကျောင်း၌ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေး လာရောက်ထိုးနှံသူ (၃၁၅)ဦး ရှိသည်။ တီကျစ်ကျေးရွာအုပ်စု၊ မြင်းတွင်း ကျေးရွာအုပ်စု၊ လွယ်မောကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာအုပ်စု၊ လုံးပိုးကျေးရွာအုပ်စု၊ ပင်ခင် ကျေးရွာအုပ်စု၊ ဘန့်ပြင်ကျေးရွာအုပ်စုနှင့် မွှေးပြင်ကျေးရွာအုပ်အတွင်းမှ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများကို တီကျစ်အ.ထ.ကကျောင်းစုရပ်၌ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ထပ်မံထိုးပေးသွားမည်ဟု သိရသည်။

သတင်း - ခွန်အောင် 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)