ဆီဆိုင်မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါပိုး ရှိ၊မရှိ အခမဲ့သွားရောက် စစ်ဆေးပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆီဆိုင်မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါပိုး ရှိ၊မရှိ အခမဲ့သွားရောက် စစ်ဆေးပေး



ဆီဆိုင်၊ နိုဝင်ဘာ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ဆီဆိုင်မြို့၊ ဟိုခဲရပ်ကွက်အတွင်းရှိ ပြည်သူများအား (RDT)Tesk Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ၊မရှိ အခမဲ့စစ်ဆေးပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အမှတ်(၃)အခြေခံပညာ မူလတန်းကျောင်း၌ ကျန်းမာရေး ဝန်ထမ်းများမှ အခမဲ့ သွားရောက် စစ်ဆေးပေးသည်။

ထိုသို့ အခမဲ့သွားရောက် စစ်ဆေးပေးရာတွင် အလုပ်အမှုဆောင်စီမံ၊ ဒေသဦးစီးကိုယ်စားလှယ် ဦးခွန်လှသိန်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထင်ကျော်နှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်သန်းထွဋ်ဦးတို့ ဦးဆောင်သည့် ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့ ပူပေါင်းကာ ရပ်ကွက်အတွင်းရှိ ပြည်သူ(၉၀)ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊မရှိ အခမဲ့စစ်ဆေးပေးခဲ့ရာ (၃)ဦးတွင် ပိုးတွေ့ရှိသဖြင့် ကုသဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

သတင်း - မျိုးမြတ်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)