မိုင်းရယ်၊ နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည်အုပ်စုများအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က မိုင်းရယ်မြို့၊ နမ့်ရယ်ခန်းမ၌ အသက်(၁၈)နှစ်နှင့်အထက်ရှိသူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ဉီးတည်အုပ်စုများအလိုက် အသက်(၁၈)နှစ်အထက် ဒုတိယအသုတ် ဒုတိယအကြိမ် လာရောက်ထိုးနှံသူ(၉)ဦး၊ တတိယအသုတ် ဒုတိယအကြိမ် လာရောက်ထိုးနှံသူ(၂၆)ဦးနှင့် စတုတ္ထအသုတ် ပထမအကြိမ် လာရောက်ထိုးနှံသူ (၅၀)ဦး စုစုပေါင်း (၈၅)ဦးကို ထိုးနှံပေးနိုင်ခဲ့ပြီး ဆေးထိုးနှံရန်ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
ليست هناك تعليقات:
إرسال تعليق