ငါန်းဇွန်၊ နိုဝင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ယမန်နေ့ နံနက် ၉ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးသည့် စုရပ်နေရာများမှာ ငါန်းဇွန်အ.ထ.က၊ ခြင်္သေ့လက် အ.ထ.က၊ မြို့သာအ.ထ.က၊ ဂျိုအ.ထ.က၊ ငါန်းမြာ အ.ထ.က၊ သားကျင်အ.ထ.ကနှင့် မင်းနေကုန်း အ.ထ.က (ခွဲ) စုစုပေါင်း စုရပ်နေရာ (၇)နေရာဖြစ်ပြီး ယမန်နေ့က အဆိုပါစုရပ်နေရာများမှ အထက်တန်းနှင့် အလယ် တန်းအဆင့် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူ(၁၀)ဦးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် ငါန်းဇွန်မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင် များက ကာကွယ်ဆေး ထိုးနှံရန် လာရောက်ကြသော အသက်(၁၂)နှစ်ပြည့်ပြီး ကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏ အုပ်ထိန်း သူမိဘပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရေး သွားလာရေးအဆင်ပြေစေရန် ကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ အောက်တိုဘာ ၁၇ ရက်နေ့မှ နိုဝင်ဘာ ၁၅ ရက်နေ့အထိ မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ (၁၅၅၈) ဦး ထိုးနှံပြီးကြောင်း သိရသည်။
သတင်း - သက်နောင်ဦး
https://t.me/MyanmarNationalPost
www.mnpnewsagency.com
ليست هناك تعليقات:
إرسال تعليق