တရားမဝင် ဝင်ရောက်သူမြန်မာနိုင်ငံသား (၂၂) ဦးကို လာအိုနိုင်ငံမှ လွဲပြောင်းလာရာတွင် မြန်မာ တာဝန်ရှိ သူများ လက်ခံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရားမဝင် ဝင်ရောက်သူမြန်မာနိုင်ငံသား (၂၂) ဦးကို လာအိုနိုင်ငံမှ လွဲပြောင်းလာရာတွင် မြန်မာ တာဝန်ရှိ သူများ လက်ခံ


တာချီလိတ်၊ နိုဝင်ဘာ ၁၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ဝမ်ပုံဆိပ်ကမ်းတွင် လာအိုနိုင်ငံမှ တာဝန်ရှိသူများက မြန်မာနိုင်ငံ သား(၂၂)ဦးကို ယမန်နေ့က လွဲပြောင်းပေးလာရာတွင် မြန်မာတာဝန်ရှိသူများက ပြန်လည် လက်ခံခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများသည် လာအိုနိုင်ငံဘက်သို့ တရားမဝင် သွားရောက်ကြသူများဖြစ်ပြီး လာအို အာဏာ ပိုင်များက ဖမ်းဆီးဒဏ်ရိုက်ကာ မြန်မာနိုင်ငံဘက်သို့ လွဲပြောင်းပေးလာရာတွင် မြန်မာတာဝန်ရှိ သူများက ပြန်လည် လက်ခံခဲ့ကြသည်။

လွဲပြောင်းပေးလာသော မြန်မာနိုင်ငံသားများကို ကျန်းမာရေးဆိုင်ရာစစ်ဆေးမှုများပြုလုပ်ပြီး ဝမ်းလုံး Quarantine Centre တွင် သီးသန့်ထားရှိကာအမှုများကို ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်ထံမှ သိရှိရသည်။

သတင်း - ယာဆေး (ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)