တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို ဝကုန်းချောင်းအတွင်း၌ (၆) မဂ္ဂါဝပ် အသေးစား ရေအားလျှပ်စစ် စီမံကိန်းလုပ်ငန်း ဆောင်ရွက်ရန် ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို ဝကုန်းချောင်းအတွင်း၌ (၆) မဂ္ဂါဝပ် အသေးစား ရေအားလျှပ်စစ် စီမံကိန်းလုပ်ငန်း ဆောင်ရွက်ရန် ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်

 


ထားဝယ်၊  နိုဝင်ဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ သင်္ကန်းတုန်းကျေးရွာအနီးရှိ ဝကုန်းချောင်းအတွင်း၌ (၆) မဂ္ဂါဝပ် အသေးစား ရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်း ဆောင်ရွက်ရန်အတွက် MYANMAR ACCESS INTERNATIONAL CO;LTD မှ Feasibility Study Report အစီရင်ခံစာနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ အတွက် ကွင်းဆင်းစိစစ် ရေးနှင့်စာချုပ် (မူကြမ်း) များအား တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လာရောက်ရှင်းလင်းတင်ပြ ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုက ဝကုန်းချောင်းအတွင်း၌ ပြုလုပ်မည့် (၆) မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် လာရောက်ပြီးရှင်းလင်းပြောကြားသော အခမ်းအနားဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ တောင်ဖက် အစွန်ဆုံးကျပြီး ကမ်းရိုးတန်းဒေသဖြစ်သည့်အတွက် မြေအနေ အထားအရ တောင်နှင့်မြောက် သွယ်တန်းပြီး ရှည်လျားသောကြောင့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အခက်အခဲ အနည်းငယ် ရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် မိုးများသည့်အတွက် ဆည်မြောင်း၊ တာတမံ တည်ဆောက် လုပ်ရာတွင် ဂရုတစိုက် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လုပ်ငန်းများကို အောင်မြင် အောင် လုပ်ဆောင်စေချင်သော ဆန္ဒရှိပြီး လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ရန် အသင့်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးများ လုံလုံလောက်လောက်၊ စျေးနှုန်းသက်သာစွာဖြင့် ရရှိစေချင်သောကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အားပေးကြောင်း၊ ဝကုန်းချောင်းအနီး ပတ်ဝန်းကျင်တွင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်စေချင်ကြောင်း၊ ကုမ္ပဏီများအနေဖြင့် လျှပ်စစ်ဓာတ်အားကို အောင်အောင်မြင်မြင်ဖြင့် အတိုင်းအတာ တစ်ခုအထိ ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ထိုနောက် MYANMAR ACCESS INTERNATIONAL CO;LTD မှ Feasibility Study Report အစီရင်ခံစာနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)