ငရုတ်ကောင်းမြို့အထကတွင် အသက်(၁၂)နှစ်အထက်ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ကာကွယ်ဆေးများဒုတိယအကြိမ်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ငရုတ်ကောင်းမြို့အထကတွင် အသက်(၁၂)နှစ်အထက်ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ကာကွယ်ဆေးများဒုတိယအကြိမ်ထိုးနှံပေး




ငရုတ်ကောင်း၊ နိုဝင်ဘာ  ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့(အထက) ကျောင်း၌ အသက် (၁၂)နှစ် အထက် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်၁၁နာရီက ငရုတ်ကောင်း(အထက) ရွှေရတုခမ်းမဆောင်တွင် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ရာတွင်ဆေးထိုးရန် လာရောက်ကြ သည့် အသက်(၁၂)နှစ်နှင့် အထက်ရှိကျောင်းသား၊ ကျောင်းသူများကိုပညာရေးဌာနမှ ဝန်ထမ်းများက လက်သန့်ဆေးရည်များဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်းနှင့် စာရင်းမှတ်တမ်းရေးသွင်းခြင်း ကောက်ယူခြင်းများကို ဆောင်ရွက်ပေးပြီး ကျန်းမာရေးဝန်ထမ်းများကကာကွယ်ဆေးထိုးနှံပေးခြင်းများကိုစနစ်တကျဆောင်ရွက်ပေးလျက်ရှိသည်။

ငရုတ်ကောင်းမြို့တွင် အဆိုပါ ကာကွယ်ဆေးအားအခြေခံပညာအလယ်တန်း၊ အထက်တန်းမှ အသက်(၁၂) အထက်ရှိကျောင်းသား၊ကျောင်းသူ(၁၇၆)ဦးကို အောက်တိုဘာ၁၈ရက်နေ့မှ စတင်၍ ပထမအကြိမ်ထိုးနှံပေးထားခဲ့ပြီးဖြစ်ကာနိုဝင်လာ၂၃ရက်နေ့မှစ၍အခြေခံပညာကျောင်းများမှကျောင်းသား၊ကျောင်းသူများကိုဒုတိယအကြိမ်မြောက်ပြန်လည်ထိုးနှံပေးလျှက်ရှိကြောင်းသိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)