ရေဖြူမြို့နယ်တွင် ရာဘာဈေးကွက် ဈေးပိုမိုရရှိသဖြင့် ရပ်နားထားသည့် ရာဘာခြံများ အစေးပြန်ခြစ်လာကြ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရေဖြူမြို့နယ်တွင် ရာဘာဈေးကွက် ဈေးပိုမိုရရှိသဖြင့် ရပ်နားထားသည့် ရာဘာခြံများ အစေးပြန်ခြစ်လာကြ





ရေဖြူ၊ နိုဝင်ဘာ ၂၂ 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ယခုနှစ် ရာဘာဈေးကွက် ဈေးပိုမိုရရှိသဖြင့် အစေးခြစ်ရပ်နားထားသည့် ရာဘာခြံများပါအစေးခြစ်ကြကြောင်း ရာဘာခြံပိုင်ရှင်များထံက သိရသည်။ 

ပြီးခဲ့သည့် ရာသီတွင် ရာဘာအစေးပြားတစ်ပေါင်လျှင် (၇၀၀)ကျပ်မှ စတင်၍ ရာသီကုန်ခါနီးတွင်မှ အစေးပြားတစ်ပေါင်လျှင် (၉၅၀)ကျပ်ရရှိကြောင်း၊ ယခုနှစ်ရာသီအစတွင်တော့ ကျပ် ၁၀၀၀ ကျော်သည်အထိ ဈေးမြင့်တက်ခဲ့ပြီး ယခု နိုဝင်ဘာလတွင် (၉၁၀)ကျပ်ရရှိနေကြောင်း ရေဖြူမြို့နယ်၊ ဧကနိကျေးရွာ ရာဘာခြံပိုင်ရှင် ဦးသန်းဌေးကပြောသည်။ 

ရေဖြူမြို့နယ်၊ ဧကနိကျေးရွာတွင် ထားဝယ်ရွှေပြည်ရာဘာစက်ရုံမှ အစေးရည်လာရောက်ဝယ်ယူနေပြီး ယနေ့ ပေါက်ဈေးမှာ ၉၈၀ ကျပ်ဖြစ်ကြောင်း သိရသည်။‌ ရေဖြူမြို့နယ်သည် ရာဘာကို အများဆုံးစိုက်ပျိုးခြင်းဖြင့် အသက်မွေးကြသည်။" ဒီနှစ် ဈေးကောင်းရရှိတော့ မနှစ်ကရပ်နားထားတဲ့ ရာဘာခြံတွေရော ရာဘာခြံအသစ်တွေပါ အပင်သက်တမ်းပြည့်တာနဲ့ အစေးခြစ်ကြ‌ကြောင်း၊ ဈေးကောင်းရတာတွေ အလုပ်အကိုင် ရှားပါးတာကြောင့်လည်းပါကြောင်း"  ရာဘာခြံပိုင်ရှင်တစ်ဦးထံက သိရသည်။ 


သတင်း - ခတ္တာ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)