တာမွေမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ၌ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ခဲ့ ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ၌ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ခဲ့ ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲကျင်းပ

 


             

  

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွား နေသည့် ကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၌ အဘက်ဘက်မှ လိုအပ် သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပရဟိတ အဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ကြားချက် များနှင့် အညီ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်အရှေ့ပိုင်းခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင် ရန်ကုန်အရှေ့ပိုင်းခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းအေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်က “ဒီကနေ့ ကျင်းပတဲ့ အခမ်းအနားဟာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့ ကာလမှာ တာမွေမြို့နယ်ရဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေမှာ အဘက်ဘက်မှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ ပရဟိတအဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းတွေကို  ဂုဏ်ပြုတဲ့ အခမ်းအနား တစ်ရပ်ဖြစ်ပါကြောင်း၊ ကျွန်တော့်အနေနဲ့လည်း တာမွေမြို့နယ်ရဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေမှာ အဘက်ဘက်မှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြသူတွေကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ နောက်နောင်လည်း မြို့နယ်ရဲ့ လိုအပ်တဲ့ လူမှုကူညီရေးလုပ်ငန်းတွေမှာ အဘက်ဘက်မှ ကူညီဆောင်ရွက် ပေးနိုင်ဖို့ မျှော်လင့်ပါကြောင်း၊ နောက်တစ်ခုအနေနဲ့ ပြောချင်တာက ယခုလက်ရှိမှာ ကျွန်တော်တို့အနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေ ထပ်မံမဖြစ်ပွားစေဖို့အတွက် ကြိုတင်ကာကွယ်ရေးအနေနဲ့ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းအပြင် နေ့စဉ်လူအသွားအလာများတဲ့ နေရာတွေမှာ နှာခေါင်းစည်း (Mask)တွေ အခမဲ့ ဖြန့်ဝေပေးပြီး ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အသိပညာပေး လုပ်ငန်းတွေကိုလည်း မြို့နယ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါကြောင်း ” စသည်ဖြင့် ပြောကြားခဲ့ပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ၌ အဘက်ဘက်မှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေး ခဲ့ကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြု မှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ကြသည်။ ထို့နောက် ဂုဏ်ပြုမှတ်တမ်းလွှာ ရရှိသူများကိုယ်စား စေတနာ့ဝန်ထမ်းတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အခမ်းအနားသို့ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်း များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်း - နိုင်လင်းအောင်(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)