Pages

Pages

ဝမ်းတွင်းမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲကျင်းပ


ဝမ်းတွင်း၊ နိုဝင်ဘာ  ၁၈

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ မဟာဘုံကထိန် ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်က ဝမ်းတွင်းမြို့မကျောင်းတိုက်တွင် ကျင်းပ ပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုကာ ဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာကြသော ဧည်ပရိတ်များမှ သီလခံယူခဲ့ကြပြီး ရွာသစ်ကျောင်း ဆရာတော်ကြီးမှ တရားတော်များ ချီးမြှင့်ဟော ကြားပေးခဲ့သည်။ ထို့နောက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ အစိုးရဝန်ထမ်းများ၊ အလှူရှင်များမှ စုပေါင်း လှူဒါန်းသော ပဒေသာပင်များကို ဆရာတော်သံဃာတော်များအား ဆက်ကပ်လှူဒါန်းခဲ့ကြ ရာ ဆရာတော်ကြီးများက သာဓုမောတနာ ခေါ်ယူခဲ့ကြောင်း သိရသည်။ မဟာဘုံကထိန် ဆက်ကပ် ဒါန်းပွဲတွင် သံဃာတော်(၁၉)ပါး၊ ပဒေသာပင်(၄၂)ခု၊ ပစ္စည်းတန်ဖိုး(၄၄၈၈၇၀၀)ကျပ်၊ ဝတ္တုငွေတန်ဖိုး (၄၃၄၁ ၆၀၀)ကျပ်၊ စုစုပေါင်း(၈၈၃၀၃၀၀)ကျပ် တန်ဖိုးရှိကြောင်း သိရသည်။

အဆိုပါ မြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်‌‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးဦး၊ ဒုတိယဗှိုလ်မှူးကြီး တေဇာဖြိုး၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားအောင်မြင်စွာ ပြီးဆုံးခဲ့ ကြောင်း သိရသည်။

သတင်း - ကိုရဲ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق