နေပြည်တော်၊ နိုဝင်ဘာ ၂၄
ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာ ၂၂ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၈၇ ဦး၊ အမျိုးသမီး ၁၉၃ ဦး၊ စုစုပေါင်း ၃၈၀ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက် လာသူ အမျိုးသား ၃၇ ဦး အမျိုးသမီး ၁၄ ဦး၊ စုစုပေါင်း ၅၁ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂ ဦးတို့ကိုလည်းကောင်း၊ နိုဝင်ဘာ ၂၃ ရက်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၈၈ ဦး၊ အမျိုး သမီး ၁၈၆ ဦး၊ စုစုပေါင်း ၄၇၄ ဦးတို့ကိုလည်းကောင်း အသီးသီးလက်ခံကာ လိုအပ်သည်များကို တပ်မတော်နှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
ليست هناك تعليقات:
إرسال تعليق