ချောင်းဦးမြို့နယ်၊ မိုင်တဲကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း သတ္တမအကြိမ်ရန်ပုံငွေထုတ်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ချောင်းဦးမြို့နယ်၊ မိုင်တဲကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း သတ္တမအကြိမ်ရန်ပုံငွေထုတ်ပေး

ချောင်းဦး၊ နိုဝင်ဘာ  ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ အရင်းမပျောက်မတည် လည်ပတ်ရန်ပုံငွေ မြစိမ်းရောင် စီမံကိန်းကို ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ်မှစတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မိုင်တဲကျေးရွာတွင် သတ္တမအကြိမ် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေကျပ် ၅၃၅၃၅၀၀၀/-ကို ယနေ့ နံနက် ၉ နာရီ အချိန်က ငါးယှန်ကျေးရွာအုပ်စု၊ မိုင်တဲကျေးရွာမြစိမ်းရောင်စီမံကိန်း ကျေးရွာကော်မတီဥက္ကဋ္ဌ နေအိမ်တွင် ကိုဗစ်-၁၉ကာလ ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ချေးငွေထုတ်ချေး ပေးအပ်ခဲ့ကြောင်း သိရသည်။

''ချောင်းဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အရင်းမပျောက်မတည် လည်ပတ်ရန်ပုံငွေ မြစိမ်းရောင်စီမံကိန်းကို ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ် မှစတင်၍ စီမံကိန်း ယူနစ်(၂၆)ယူနစ်ကို ကျေးရွာ(၂၉)ရွာတွင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၎င်းကျေးရွာများ အနက်မှ မိုင်တဲကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းကို ၂၀၁၅-၂၀၁၆ခု၊ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကျေးရွာဖြစ်ပြီး သတ္တမအကြိမ်အဖြစ်  စိုက်ပျိုးရေးလုပ်ငန်း ၆၇ ဦးအားငွေကျပ် ၂၈၄၃၆၀၀၀/-၊ မွေးမြူရေး လုပ်ငန်း ၇၆ ဦးအား ငွေကျပ် ၂၅၀၉၉၀၀၀/- စုစုပေါင်း  အသင်းသား ၁၄၃ ဦးအား ငွေကျပ် ၅၃၅၃၅၀၀၀/-ကို ယနေ့ထုတ်ချေး ပေးခဲ့ပါကြောင်းနှင့် မြစိမ်းရောင်စီမံကိန်း ဆောင်ရွက် လျက်ရှိသည့် ကျေးရွာများအနက် မိုင်တဲ ကျေးရွာသည်မွေးမြူရေး လုပ်ငန်း အောင်မြင် ဖြစ်ထွန်းသည့် ကျေးရွာဖြစ်ပါကြောင်း ""မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်စိုးစံ က ပြောကြားခဲ့ပါသည်။

"ကျနော်တို့ရွာအနေဖြင့် မြစိမ်းရောင်စီမံကိန်းကို ဆောင်ရွက်ခဲ့သည်မှာ သတ္တမအကြိမ်မြောက်အထိ အခက်အခဲ မရှိဆောင်ရွက်နိုင်ခဲ့သလို စီမံကိန်းပဉ္စမနှစ်မှာ အတိုးရငွေ ၉၅၀၀၀၀၀/- ပြည်သူထည့်ဝင် ငွေ ၄၃၆၀၀၀၀/-တို့ဖြင့် ဖွံ့ဖြိုးရေး လုပ်ငန်းအဖြစ် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း (၉၅၀'-ဝ"×၁၂'-ဝ"×ဝ'-၆" ) လုပ်ငန်းကို ဆောင်ရွက် နိုင်ပါကြောင်းနှင့် မြစိမ်းရောင်စီမံကိန်း ဆက်လက် အောင်မြင်နိုင်ရေးအတွက် သက်ဆိုင်ရာဌာန နှင့်အတူ မိမိတို့ကျေးရွာကော်မတီ၊ ကျေးရွာသူ၊ ကျေးရွာသားများမှ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း" မိုင်တဲကျေးရွာ မြစိမ်းရောင် ကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်မှ ပြောကြားခဲ့သည်။

သတင်း - အိအိအောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)