Pages

Pages

ဗန်းမောက်မြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ဗန်းမောက်၊ နိုဝင်ဘာ  ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ် နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က ဗန်းမောက်မြို့ အခြခံပညာ အထက်တန်းကျောင်း၌ စုရပ်အဖြစ်သတ်မှတ်ပြီး ကျောင်းသား၊ ကျောင်းသူများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကျေးစာရေးများနှင့် စေတနာရှင် လူမှုကူညီရေး အသင်းသူ၊ အသင်းသားများက စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့် သွေးအတွင်းရှိ အောက်ဆီဂျင်ပမာဏ တိုင်းတာခြင်းတို့ကို ဦးစွာဆောင်ရွက် ပေးခဲ့ကြပြီး ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးများကို သတ်မှတ်ထားသည့် စည်းကမ်းများအတိုင်း စနစ်တကျ ထိုးနှံပေးခဲ့သည်။

အဆိုပါကာကွယ်ဆေး ထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများနှင့် ဆရာ/ဆရာမများ၊ မြို့နယ်စေတနာရှင် လူမှုကူညီရေး အသင်းသားများ လာရောက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြပြီး အသက်(၁၂)နှစ် နှင့်အထက် ကျောင်းသား၊ ကျောင်းသူ (၁၇၅)ဦးအား ကာကွယ်ဆေးများ ထိုးနှံပေး ခဲ့ကြကြောင်းနှင့် ဆက်လက်ထိုးနှံရန် ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း စုရပ်သတ်မှတ်၍ ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - မေသူဟန်

https://t.me/MyanmarNationalPost

www.mnpnewsagency.com


ليست هناك تعليقات:

إرسال تعليق