ကသာမြို့၌ (၂၈)ကြိမ်မြောက် ခရိုင်/မြို့နယ် ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန် ကျင်းပ ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကသာမြို့၌ (၂၈)ကြိမ်မြောက် ခရိုင်/မြို့နယ် ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန် ကျင်းပ ပြုလုပ်


ကသာ၊ နိုဝင်ဘာ  ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊ သမန်းကိုင်းရပ်ကွက်ရှိ မြိုင်ကျောင်းတိုက်၌ နိုဝင်ဘာလ (၁၈)ရက်နေ့၊ နံနက်ပိုင်းက (၂၈)ကြိမ်မြောက် ကသာ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ  ဝန်ထမ်း ပေါင်းစုံ စုပေါင်းမဟာဘုံကထိန်၊ ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စုပေါင်းမဟာဘုံကထိန်၊ ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် "နမောတဿ" သုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားဖွင့်လှစ်ခြင်း၊ ကသာမြို့၊ မိဿလင်းကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တဂုဏမဟာထေရ်မြတ်ထံမှ ပရိသတ်များ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်တို့က မေတ္တာသုတ်ပရိတ်တရားတော်များ ချီးမြှင့် တော်မူခြင်း၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားခြင်း၊ ကထိန်လျာ ဉာတ်မကြီး၊ ဉာတ်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်း၊ ပဓာနနာယကဆရာတော် ဘဒ္ဒန္တဂုဏမဟာထေရ်မြတ်မှ အနုမောဒနာတရား ချီးမြှင့်တော်မူခြင်း၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှပေးဝေခြင်း၊ "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားရုတ်သိမ်းခြင်း၊ (၂၉)ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်ခံယူမည့် ကျောင်းတိုက်အား ကြိုတင်မဲဖောက်ခြင်းများ ကျင်းပပြုလုပ်ခဲ့ပြီးနောက် ဆရာတော်/သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဧည့်ပရိသတ်များအား ကျွေးမွေးဧည့်ခံခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကသာမြို့၏ (၂၈)ကြိမ်မြောက် ခရိုင်/မြို့နယ် ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်တွင် ပဒေ သာပင(၃၃)ပင်နှင့် အဆိုပါပဒေသာပင်များမှ ရရှိအလှူငွေ(၅၅၈၁၀၀၀)ကျပ်နှင့် ပစ္စည်းတန်ဖိုး ငွေ (၅၆၆၅၀၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ(၁၁၂၄၆၀၀၀)ကျပ်တို့ကို စုပေါင်းလှူဒါန်းခဲ့ကြောင်း၊ အဆိုပါ စုပေါင်း မဟာဘုံကထိန်ကို ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)