ထိုင်းနိုင်ငံမှ လွှဲပြောင်းလာသည့် ရွှေ့ပြောင်းမြန်မာအလုပ်များနှင့် ပြစ်ဒဏ်မှလွတ်မြောက် လာသော ပြည်သူ(၁၆၆)ဦးကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထိုင်းနိုင်ငံမှ လွှဲပြောင်းလာသည့် ရွှေ့ပြောင်းမြန်မာအလုပ်များနှင့် ပြစ်ဒဏ်မှလွတ်မြောက် လာသော ပြည်သူ(၁၆၆)ဦးကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ


တာချီလိတ်၊ နိုဝင်ဘာ  ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားအမှတ်(၂)မှ တဆင့် ထိုင်းနိုင်ငံမှ လွှဲပြောင်းလာသည့် ရွှေ့ပြောင်း မြန်မာအလုပ်သမားများနှင့် ပြစ်ဒဏ်မှ လွတ်မြောက် လာသည့် ပြည်သူစုစုပေါင်း(၂၀၅)ဦးကို မြန်မာတာဝန်ရှိသူများက ယမန်နေ့ ၁၀ နာရီခွဲအချိန်က လက်ခံ ခဲ့ကြောင်း သိရသည်။

ရွှေ့ပြောင်းမြန်မာအလုပ်သမား အမျိုးသား(၁၉)ဦး၊ အမျိုးသမီး(၂၂)ဦး၊ စုစုပေါင်း(၄၁)ဦးနှင့် အကြောင်း အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံရပြီး ပြန်လည်လွတ်မြောက်လာသော အမျိုးသား(၇၀)ဦး၊ အမျိုးသမီး(၅၅)ဦး၊ စုစုပေါင်း(၁၂၅)ဦးတို့ကို တာချီလိတ်(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း၊ ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည် ပို့ဆောင်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် အဖွဲ့ဝင်များက ကြိုဆိုလက်ခံခဲ့ကြသည်။

၎င်းနေရပ်ပြန် ပြည်သူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီက ကျန်မာရေး ဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ၌ ရောဂါပိုးကူးစက်ခံထားရသူ ကျား၊ မ စုစုပေါင်း(၄၃)ဦးကို တွေ့ရှိခဲ့ရပြီး ၎င်းတို့ကို ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးနိုင်ရန်အတွက် ဝမ်လုံး Quarantine Centre ၌ သီးသန့်ထားရှိမည်ဖြစ်ကြေင်း၊ ယနေ့ ပြန်ဝင်ရောက်လာကြသူ အားလုံးကို ဝမ်လုံး Quarantine Centre ၌ ၃ ရက်ကြာ ထားရှိမည်ဖြစ်ပြီး (၃)ရက်မြောက်နေ့တွင် ဒုတိယအကြိမ်ထပ်မံစစ်ဆေး၍ ပိုးကင်းစင် သူများကို သက်ဆိုင်ရာ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

နေရပ်သို့ ပြန်လာကြသော ပြည်သူများကို အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စများ အစဉ်ပြေချောမွှေ့စေရန်နှင့် ကျန်းမာရေး စောက်ရှောက်မှုများ ပေးနိုင်ရန်အတွက် အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက မော်တော်ယာဉ်များဖြင့် ဝမ်လုံး Quarantine Centre သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

သတင်း - ယာဆေး(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)