ဘီးလင်း၊ နိုဝင်ဘာ ၂၂
သထုံခရိုင် ဘီးလင်းမြို့နယ်အတွင်းရှိ အငြိမ်းစားဝန် ထမ်းများအား ပင်စင်လစာများ ထုတ်ပေးခြင်းကို မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲရှိ ဝန်ထမ်းများက နေ့ချင်းပြီးထုတ်ပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပင်စင်လစာများ ထုတ်ပေးရာတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ mask များ စနစ်တကျ တပ်ဆင်ခြင်း၊ လက်ဆေးဘေဇင်များတွင် စနစ်တကျ လက်ဆေးခြင်း၊ သတ်မှတ်နေရာတွင် စနစ်တကျထိုင်ခြင်း၊ အပူချိန်တိုင်းတာပေးခြင်းများကို ဆောင်ရွက်ပေး လျက်ရှိသည်။
ဘီးလင်းမြို့နယ်တွင် အငြိမ်းစားဝန်ထမ်း ပင်စင်ထုတ်ယူသူ ၁၉၈၄ ဦးရှိပြီး အဆိုပါ အငြိမ်းစား ဝန်ထမ်း ပင်စင်စားများကို ယနေ့မှ လကုန်ရက်နေ့အထိ ထုတ်ပေးသွားမည့်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း လာရောက်မထုတ်ယူနိုင်ခြင်း မရှိသူများကို ဒီဇင်ဘာလအတွင်း ဆက်လက်ထုတ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ထူးနောင်(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
ليست هناك تعليقات:
إرسال تعليق