ဒဂုံမြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံ



ဒဂုံ၊ နိုဝင်ဘာ  ၂၃

ရန်ကုန် အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ အလံပြဘုရားလမ်းရှိအမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းတွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် (Sinovac)  ထိုးနှံခြင်းကို ယမန်နေ့ နံနက် (၉း၀၀) နာရီ အချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံသည့် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ကိုယ် အပူချိန်တိုင်းတာခြင်း၊ လက်ဆေးဘေစင်နှင့် လက်သန့်ဆေးရည်များကို ကျန်းမာရေးဝန်ကြီးဌာန ၏ လမ်းညွှန်ချက်များနှင့်အညီ ထားရှိပေးပြီး၊ ဒဂုံမြို့နယ် အတွင်းရှိ အထက်တန်း၊ အလယ်တန်းရှိ အသက် (၁၂)နှစ်နှင့် အထက်ရှိ ကျောင်းသား၊ ကျောင်းသူ (၂၇၀)ဦး ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမ အကြိမ် (Sinovac) ကို ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ဆေးထိုးနှံရာတွင် မလိုလားအပ်သော ပြဿနာတစ်စုံတစ်ရာ မဖြစ်ပေါ်စေရေးအတွက်  မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းသူကျော်နှင့် အဖွဲ့ဝင်များက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေး ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ပညာရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)