Pages

Pages

လှိုင်မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများနှင့်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

 



လှိုင်၊ နိုဝင်ဘာ  ၁၅ 

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ယ​နေ့နံနက် ၉ နာရီအချိန်က လှိုင်မြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်၊ ယောဂီကျောင်းလမ်း၊ သိပ္ပံပစ္စည်းစက်ရုံ၀န်းရှိ ကိုဗစ် ၁၉ ကုသရေးစင်တာ၌ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ အသက် ၁၂ အထက် ကျောင်းသား/သူများနှင့်​​ ပြည်သူများအား ကိုဗစ် ၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ​ကြောင်းသိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်းများပူးပေါင်း၍  ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများအား  ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေး ပေးခြင်းများ ဆောင်ရွက်ပေးပြီး အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေး ထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ လှိုင်မြို့နယ်ရှိ အခြေခံပညာ ကျောင်းများမှ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းတို့ရှိ အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား/ကျောင်းသူများနှင့်​ ပြည်သူများစုစုပေါင်း (၁၃၆၂) ဦးအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ​​ပေးကြောင်းသတင်းရရှိပါသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com


ليست هناك تعليقات:

إرسال تعليق