Pages

Pages

မြောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ လစာများထုတ်ပေး



မြောင်၊ နိုဝင်ဘာ   ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန် ထမ်းများအား  ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ယနေ့နံနက်တွင်  ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါပင်စင်လစာငွေများ ထုတ်ပေးရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေး ဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ ဘဏ်အတွင်းသို့ ဝင်ရောက်ရာတွင် နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေခြင်းနှင့် လက်ကိုဆေးကြောစေခြင်းများကို ပြုလုပ်ဆောင်ရွက်ကာ အလှည့်ကျစနစ်ဖြင့် ထုတ်ပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြောင်မြို့နယ်တွင် ပင်စင်စားများကို တိုက်နယ်အလိုက် ထုတ်ပေးလျက်ရှိရာ ပထမနေ့တွင် မြို့မရပ်ကွက်နှင့် ပရိမ္မတိုက်နယ်၊ ဒုတိယနေ့တွင် ရွှေပန်းတိုက်နယ်နှင့် တတိယနေ့တွင် နဂါးပေါက် တိုက်နယ်တို့အား ထုတ်ပေးလျက်ရှိပြီး မြောင်မြို့နယ်တွင် ပင်စင်ဦးရေ စုစုပေါင်း(၁၂၀၇)ဦးအား လစဉ်ထုတ်ပေး လျက်ရှိကြောင်း မြို့ယ်မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق