မိုင်းယုမြို့၌ မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းယုမြို့၌ မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်း





မိုင်းယု၊ နိုဝင်ဘာ  ၁၈

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့၌ မြို့လုံးကျွတ် စုပေါင်း မဟာ ဘုံကထိန်ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့မရပ်ကွက်ရှိ ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းတိုက်ရှိ ဓမ္မလင်္ကာရကျောင်းဆောင်၌ ကျင်းပ ခဲ့သည်။

အဆိုပါ စုပေါင်းမဟာဘုံကထိန်အခမ်းအနားကို ကိုဗစ်-၁၉ရောဂါကာကွယ် စည်းကမ်းချက် နှင့်အညီ လူနည်းစုဖြင့်သာ ကျင်းပခဲ့ကြပြီး အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကာ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီးနောက် မိုင်းယုမြို့ ထေရဝါဒဗုဒ္ဓ သာသနာပြုကျောင်းတိုက် လက်ထောက် ဆရာတော် ဦးသုနန္ဒထံမှ မေတ္တာသုတ်ပရိတ် တရားတော်ကို ရွတ်ဖတ်ပူဇော်ကြခဲ့သည်။

ထို့နောက် ဆရာတော်က “ဘဝကိုအလှဆင်”တရားတော်အား ချီးမြှင့်ဟောကြားခဲ့ပြီး တက်ရောက်လာသည့် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုး၊ နယ်မြေခံစခန်းမှူး ရဲအုပ် အောင်ဇော်မင်းနှင့် ဌာနဆိုင်ရာများ၊ စစ်ဘက်ဆိုင်ရာအလှူရှင်များ၊ ဒေသခံအလှူ့ရှင် ပြည်သူတို့မှ စုပေါင်းလှူဒါန်းကြသည့် ပဒေသာပင်(၃)ပင်မှ နဝကမ္မအလှူငွေနှင့် လှူဖွယ် ပစ္စည်းစုစုပေါင်းတန်ဖိုး ၂၄၈၁၀၀၀ ကျပ်အား သံဃာတော်အရှင်မြတ်များထံ ဆက်လက် လှူဒါန်း၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

သတင်း - ကိုကိုနိုင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)