Pages

Pages

ပင်းတယမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန် ထုတ်ပေးလျက်ရှိ

ပင်းတယ၊ နိုဝင်ဘာ  ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် မြန်မာ့ စီးပွားရေးဘဏ်၌ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက် ၉  နာရီ အချိန်က စတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပုံမှန် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပင်းတယမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ထုတ်ယူသည့် အငြိမ်းစား ဝန်ထမ်း ပင်စင်စားဦးရေ ( ၆၈၃)ဦးရှိပြီး ပင်စင်လစာငွေများကို ဘဏ်ဖွင့်ရက်များတွင် နေ့စဉ် နံနက် (၉) နာရီ မှ မွန်းလွဲ (၂)နာရီ အထိ  ပုံမှန်ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူ နိုင်ကြောင်းနှင့် ပင်စင်စားဝန်ထမ်းများအနေဖြင့် အကြောင်းကြောင်းကြောင့် လာရောက်ထုတ်ယူခြင်း မရှိပါက  ဒီဇင်ဘာ လဆန်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း၌ ဆက်လက်ထုတ်ပေး သွားမည်ဖြစ်ကြောင်း မြို့နယ် မြန်မာ့ စီးပွားရေးဘဏ်  မန်နေဂျာထံမှ သိရသည်။

သတင်း - မိုးမိုးထွေး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق