တာလေမြို့၌ အသက် ၁၈ နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

တာလေမြို့၌ အသက် ၁၈ နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

 


တာလေ၊ နိုဝင်ဘာ  ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊တာလေမြို့အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး Sinopharm ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဆေးထိုးနှံရန် ဖွဲ့စည်း တာဝန်ပေးအပ်ထားသည့် အဖွဲ့တို့ဖြင့် အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၃) ရပ်ကွက် တို့၌ အသက် ၁၈နှစ်အထက် ်ပြည်သူများကို ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ ပေးလျက်ရှိသည်။

ကာကွယ်ဆေးများထိုးနှံရာတွင် ကျန်းမာရေးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ရေး ညွှန်ကြားချက်များနှင့်အညီ ဆေးထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးမထိုးမီ ကျန်းမာ ရေးစစ်ဆေးမှုများအနေဖြင့်ကာကွယ်ဆေးထိုးရန် ရောက်လာကြသည့် ပြည်သူများကို ကိုယ် အပူချိန် တိုင်းတာပေးခြင်းနှင့် စနစ်တကျ စာရင်းရေးသွင်းခြင်းများ ဆောင်ရွက်ကြပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ တိုက်နယ်ပြည်သူ့ကျန်းမာရေးဌာန ဝန်ထမ်း များ ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ကြကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းမှာ ဒုတိယအကြိမ် ဆေးထိုးနှံပေးခြင်းဖြစ်ပြီး ယနေ့ဆေးထိုးနှံသည့် အသက်(၁၈) နှစ်အထက်ပြည်သူများကို ဆေးထိုးစုရပ်ဖြစ်သည့် အမှတ်(၁) ရပ်ကွက်၌ (၅၄) ဦးနှင့် အမှတ်(၃) ရပ်ကွက်၌ (၁၃၅) ဦး စုစုပေါင်း (၁၈၉) ဦးကို ဆေးထိုးနှံပေးခဲ့ပြီး နိုဝင်ဘာ ၁၇ ရက်နေ့တွင်လည်း မိုင်းလင်း ကျေးရွာအုပ်စုများနှင့် နားယောင်းကျေးရွာအုပ်စုတို့တွင် ဖွဲ့စည်းတာဝန်ပေးအပ်ထားသော ကာကွယ်ဆေးထိုးအဖွဲ့တို့က ကျေးရွာများအထိ ကွင်းဆင်း၍ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အား ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရသည်။

သတင်း - အောင်ကျော်မိုး (ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)