သီပေါမြို့နယ် မိုးလုံလေလုံ အားကစားခန်းမ၌ သင်္ဂဟကြက်တောင် ကလပ်အသင်းမှ ချစ်ကြည်ရေး လာရောက်ကစားခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့နယ် မိုးလုံလေလုံ အားကစားခန်းမ၌ သင်္ဂဟကြက်တောင် ကလပ်အသင်းမှ ချစ်ကြည်ရေး လာရောက်ကစားခဲ့




သီပေါ၊ နိုဝင်ဘာ  ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် လားရှိုးမြို့သင်္ဂဟ ကြက်တောင်ကလပ်အသင်းတို့ ပူးပေါင်းကာ ကြက်တောင်အားကစားနည်း ဖွံ့ဖြိုး တိုးတက်စေရန်နှင့် ကြက်တောင်ရိုက်အားကစား မျိုးဆက်သစ်လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ချစ်ကြည်ရေးကစားခြင်းကို သီပေါမြို့နယ်အားကစားကွင်း အတွင်းရှိ မိုးလုံလေလုံအားကစား ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကစားခဲ့ကြကြောင်း သိရသည်။

ထိုသို့ကစားရာတွင် လားရှိုးမြို့ သင်္ဂဟကြက်တောင်ကလပ်အသင်းမှ အသင်းသားများနှင့် သီပေါမြို့မှ ကြက်တောင် အားကစားမျိုးဆက်သစ် ဝါသနာရှင်များ ပူးပေါင်း၍ ချစ်ကြည်ရေး ကစားခဲ့ကြခြင်းဖြစ်ပြီး  အားကစားသမားများ နည်းစနစ်မှန်ကန်စွာ ရိုက်တတ်စေရန်အတွက် သရုပ်ပြကစားခဲ့ခြင်းများလည်း ပြုလုပ်ခဲ့ကြသည်။  ထို့နောက် သီပေါမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူနှင့် လားရှိုးမြို့ သင်္ဂဟကြက်တောင်ကလပ်အသင်းမှ တာဝန်ရှိသူများက မြို့နယ်အတွင်း ကြက်တောင် အားကစားနည်း သင်တန်းဖွင့်လှစ်နိုင်ရေး အပြန်အလှန်တိုင်ပင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်း - ခင်လေး(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)