လသာ၊ နို၀င်ဘာ ၂၃
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ယနေ့နံနက် ၉နာရီအချိန်က ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ အထက(၂)လသာ ကျောင်း၀င်းအတွင်း၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးရာသို့မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါက်တာမျိုးကိုကိုနှင့် ဝန်ထမ်း များ၊ မြို့နယ် မီးသတ်၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ ပူးပေါင်း၍ ကာကွယ် ဆေးထိုးနှံရန် လာရောက်သူများအားကိုယ် အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ရှိကြောင်း သိရသည်။
ယနေ့တွင် အသက်(၄၀)နှစ်နှင့်အထက် ကျား(၁၂၀)ဦး၊ မ(၂၅၅)ဦး၊ စုစုပေါင်း (၃၇၅)ဦးကို ပထမအကြိမ် ဖြစ်လည်းကောင်း၊ အသက်(၅၅)နှစ်နှင့်အထက် ကျား(၅) ဦး၊ မ( ၂)ဦး၊ စုစုပေါင်း(၇)ဦး တို့ကို ဒုတိယအကြိမ် အဖြစ်လည်းကောင်း ကိုဗစ်-၁၉ရောဂါ ကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
ليست هناك تعليقات:
إرسال تعليق