ကျွန်းလှ၊ နိုဝင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီက အခြေခံပညာ အထက်တန်းကျောင်း (ကျွန်းလှ) နှင့် အခြေခံပညာ အထက်တန်း ကျောင်း (သစ်ရာမြိုင်) ဆေးထိုးစုတို့၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင် များ ကြီးကြပ်ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝင်းဇော်ဌေး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်း များ၊ ပညာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်အဖြစ် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ (၇၀၂) ဦးအား ထိုးနှံပေးခဲ့ကြောင်း၊ ယနေ့ဒုတိယအကြိမ်အဖြစ် ကျောင်းသား၊ ကျောင်းသူ (၅၂ဂ)ဦး ထိုးနှံပေးခဲ့ကြောင်း၊ ပညာတက်ရောက်သင်ကြားနေပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
သတင်း - မျိုးဝင်းညို
https://t.me/MyanmarNationalPost
www.mnpnewsagency.com
ليست هناك تعليقات:
إرسال تعليق