မြဝတီမြို့၌ ပန်းခင်းစီမံချက်ဖြင့် လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်း ညှိနှိုင်း အစည်း အဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြဝတီမြို့၌ ပန်းခင်းစီမံချက်ဖြင့် လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်း ညှိနှိုင်း အစည်း အဝေးကျင်းပ



မြဝတီ၊ နိုဝင်ဘာ   ၁၉

ကရင်ပြည်နယ်၊မြဝတီမြို့တွင် ပန်းခင်းစီမံချက်ဖြင့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ(၂)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးတင့်က ပန်းခင်းစီမံချက်ဖြင့် ရက်ပေါင်း (၁၈၀)အတွင်း အချိန်မီပြီးစီးနိုင်ရေးဆောင်ရွက်ရမည့်လုပ်ငန်းများ အချိန်မြန်ပြီးစီးနိုင်ရေး ဆောင်ရွက် ရန် ပြောကြားသည်။

ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးကျော်စိုးထွန်းက ပန်းခင်းစီမံချက်ဖြင့် ၂၀၂၁ခုနှစ်ဇွန်လမှ ဒီဇင်ဘာလအထိ ရက်ပေါင်း(၁၈၀)အတွင်း လုပ်ငန်းများ အချိန်မီပြီးစီးအောင် အကောင်အ ထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့အထိလုပ်ငန်းအားလုံး၏ ၄၁ ဒဿမ ၅၀ ရာခိုင်နှုန်းပြီးစီးပြီးဖြစ်ကြောင်း၊ ကျန်ရှိနေ သောလုပ်ငန်းများကို အချိန်မီပြီးစီးနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့်ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပန်းခင်းစီမံချက်အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း အချက်အလက် မှန်ကန် စေ၍ လုပ်ငန်းစဉ် အဆင့်ဆင့်အချိန်မီ ပြီးစီးနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း ဆွေးနွေး ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တတ်ရောက်လာကြသည့် ဌာနဆိုင်ရာများက မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်း များ အပေါ်ပြန်လည်ဆွေးနွေးပြောကြားပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှလည်း  ပြန်လည်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း - ထိန်လင်းအောင်(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)