Pages

Pages

ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးစိုးလွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ခြင်း အခမ်းအနားတက်ရောက်

ဘားအံ၊ နိုဝင်ဘာ   ၂၃

ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးစိုးလွင်သည် ဘားအံမြို့နယ် အမှတ်(၇) ရပ်ကွက် အထက(ခွဲ)-၂ ကျောင်းခန်းမတွင် ယနေ့နံနက် (၁၀) နာရီကကျင်းပ ပြုလုပ်သည့် ပန်းခင်းစီမ ချက်ဖြင့် နိုင်ငံသားစိစစ် ရေးကတ်ပြား ပေးအပ်ခြင်း အခမ်း အနား တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ပြုပေးမှုအကြောင်း ရှင်းလင်း ဆွေးနွေး ပြီး ဘားအံခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဘားအံခရိုင် ဦးစီးမှူးရုံးမှ  ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းနောင်က ဘားအံခရိုင်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးနေမှု အခြေအနေများ၊ နိုင်ငံသားကတ် အသုံးဝင်ပုံများကို  ရှင်းလင်းဆွေးနွေးပြီးနောက် ပြည်နယ်ဝန်ကြီးအဖွဲ့ သည် နိုင်ငံသားစိစစ်ရေးကတ်ပြားများ  အခမဲ့ ပြုလုပ်ပေးနေမှုများကို အားပေးကြည့်ရှုခဲ့သည်။

ကရင်ပြည်နယ် ဘားအံခရိုင်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်နှင့် အိမ်ထောင်စု စာရင်းများကို ဆောင်ရွက်ပေးခဲ့ရာတွင် နိုင်ငံသားစိစစ်ရေးကတ် (၂၈၀၉၄) ခုနှင့် အိမ်ထောင်စုစာရင်း (၃၈၁၅) ခု ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق