Pages

Pages

တရုတ်နိုင်ငံမှပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအားမူဆယ်နယ်စပ်နန်းတော်ဂိတ်တွင် ဆက်လက်လက်ခံလျက်ရှိ






မူဆယ်၊ နိုဝင်ဘာ   ၂၂

တရုတ်နိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို မူဆယ်နယ်စပ်နန်း‌တော်ဂိတ်မှပြန်လည်လက်ခံပေးလျက်ရှိရာ နိုဝင်ဘာ ၂၂  ရက်နေ့နံနက်၈နာရီခွဲက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နန်းတော်ဂိတ်သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၈၇ ဦး၊ အမျိုးသမီး၁၉၃ ဦး၊စုစုပေါင်း ၃၈၀ဦးကိုပြန်လည်လက်ခံခဲ့ပါသည်။

မူဆယ်နယ်စပ်နန်းတော်ဂိတ်မှနေရပ်ပြန်များစတင်လက်ခဲ့သည့်(၂၆.၇.၂၀၂၁)မှယနေ့အထိ အမျိုးသား ၈၂၄၄ ဦး၊အမျိုးသမီး ၇၁၈၂ ဦး၊နေရပ်ပြန်သူစုစုပေါင်း ၁၅၄၂၆ ဦးအား ကောင်းမွန်စွာလက်ခံလျှက်နေရပ်ပြန်နိုင်ငံသားများကို လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာ တာ ဝန်ရှိသူများကကူညီဆောင်ရွက်ပေးလျှက်ရှိရာ မိမိဒေသအသီးသီးသိုရောက်ရှိနိုင်ရေးမော်တော် ယာဉ်များစီစဉ်ဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။

သတင်း - အယ်လ်စိုး

https://t.me/MyanmarNationalPost

www.mnpnewsagency.com


ليست هناك تعليقات:

إرسال تعليق