စမ်းချောင်းမြို့နယ်၌ တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ​ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

စမ်းချောင်းမြို့နယ်၌ တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ​ပေး


ရန်ကုန်၊ နိုဝင်ဘာ   ၂၂

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် စမ်းချောင်း မြို့နယ်အတွင်း အစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြမ်တစ်ခါမှ မထိုးနှံရသေးသည့်  ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို  ဟံသာဝတီလမ်းမပေါ် အ.ထ.က(၁) စမ်းချောင်းနေရာတွင် သတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းမှစတင်၍ ဆေးလာရောက် ထိုးနှံကြသူ ၁၂၀၀ ဦးအား ကာကွယ်ဆေးထိုးပေးခဲ့​ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး တို့၏ လမ်းညွှန်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များ တပ်ဖွဲ့ဝင်များ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)