Pages

Pages

မြေပုံမြို့၌ အသက် ၁၂ နှစ်အထက် ဘင်္ဂလီလူမျိုး ၅၀၀ ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး (ပထမအကြိမ် ) ထိုးနှံပေး




မြေပုံ၊ နိုဝင်ဘာ  ၂၉

ရခိုင်ပြည်နယ် မြေပုံမြို့ တောင်ပေါ်ရပ်ကွက်ရှိ အသက် ၁၂ နှစ်နှင့် အထက် ဘင်္ဂလီလူမျိုး ၅၀၀ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက  ဆေးထိုး သတ်မှတ်စုရပ်အသီးသီးတွင် စနစ်တကျ စတင်ထိုးနှံပေးသည်။

ထို့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေပေါ် တုံ့ပြန်ရေးကော်မတီမှ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သန်းထွန်း ဦးဆောင်ပြီး ကျန်းမာရေးနှင့် ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေး ဝန်ထမ်းက ကာကွယ်ဆေးမထိုးမီ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးအတွင်း အောက်ဆီဂျင်တိုင်းတာခြင်းစသည့် ကျန်းမားရေး စစ်ဆေးမှုများ ပြုလုပ်ပေးကြပြီးမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စနစ်တကျထိုး နှံပေးကြသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် လာကြသည့်သူများအား ဌာနဆိုင်ရာများက  လိုအပ်သည် များ ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - တင်ဝင်း(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق