ပေါက်ခေါင်းမြို့တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်ခေါင်းမြို့တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

 


ပေါက်ခေါင်း၊ နိုဝင်ဘာ  ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် အသက် ၁၂ နှစ်နှင့် အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) အမျိုးအစားထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပေါက်ခေါင်းမြို့လယ် လေးမျက်နှာဇာတ်ရုံနှင့် အခြားဆေးထိုးစုရပ်နေရာများတွင် ထိုးနှံပေးခဲ့သည်။

အဆိုပါ ကျောင်းသား၊ ကျောင်းသူများကို ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးရာတွင် ဆေးထိုးစုရပ် များဖြစ်သည့် လေးမျက်နှာဇာတ်ရုံ၊ အထကကြို့ပင်ကန်၊ အထက ကံကျင်း၊ အထက ဓမ္မသော်၊ အထက တောင်လည်နှင့် ညောင်ကုန်းကျေးလက်ဆေးခန်းတို့တွင် ယနေ့ နံနက်ပိုင်းမှ စတင်ထိုးနှံပေးခဲ့သည်။ ပေါက်ခေါင်းမြို့နယ်တွင် အသက် ၁၂ နှစ်နှင့် အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၇၄၆) ဦးကို ဆေးထိုးစုရပ် ၆ ခုတွင် ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ဆေးထိုးရန် ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

သတင်း - သန်းထွန်းအောင်(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)