မောင်တော၊ နိုဝင်ဘာ ၂၁
ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် မှိဝင်ရွာအနီး ပင်လယ်ပြင်၌ တရားမဝင်သစ်များ တင်ဆောင် လာ သော လှေ တစ်စီးအား နိုဝင်ဘာ ၂၀ ရက် နံနက် (၀၉:၄၅)နာရီအချိန်ခန့်က ဖမ်းဆီး ရမိခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲသည် ငါးမန်း နှစ်စီး ၊ ဖိုက်ဘာလှေ တစ်စီးဖြင့် ပိတ်ဆို ရေး တာဝန် ထမ်း ဆောင်နေစဉ် မှိဝင်ရွာအနီးသို့ အရောက်တွင် အရှေ့တောင် မှ အနောက်မြောက်သို့ ခုတ် မောင်းနေသော မသင်္ကာဖွယ် လှေတစ်စီးအားတွေ့ရှိပြီး အချက်ပြခေါ်ယူရာ လာရောက်ခြင်းမရှိဘဲ ပြန်လှည့်၍ အနောက် မြောက်ဘက်သို ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ တရားမဝင်သစ်မှောင်ခိုလှေ (အလျား ၆၅ ပေ ၊ အနံ ၁၅ ပေ ၊ ရေစူး ၄ ပေခန့်) သစ်သားကိုယ်ထည် ၊စက်မကြီး NISSAN ၄ လုံးထိုး အင်ဂျင် ၊ HP -100 (ဂီယာဘောက်စ် နှင့် တွဲ လျက် ၁လုံး) သစ်မှောင်ခိုလှေ ၁ စီးအား ကညင်သစ်ဘေ ၁၅ တန်ခန့် တင် ဆောင် လာ သော လှေတစ်စီးနှင့် အတူ ကျောက်ဖြူမြိုနေသူ ရခိုင်လူမျိုးတရားခံအမျိုးသား(၄)ဦး နှင့် ပေါက်တော မြို့နေ သူ ဘင်္ဂါလီလူမျိုး အမျိုးသား(၂)ဦး စုစုပေါင်း (၆)ဦးအား ဖမ်းဆီးရမိပြီး စစ်ဆေး မေးမြန်း ချက်များ အရ လှေ ပိုင်ရှင်မှာ ကျောက်ဖြူမြို အရာရှိ ရပ်ကွက်နေ ဦးသန်းဝင်းချေ (လှေပေါ်ပါဖမ်းမိ) ၊ သစ်ပိုင် ရှင်မှာ လှေပိုင်ရှင် နှင့် အတူ လှေပေါ်ပါတစ်ရပ်ကွက်တည်းနေ ဦးတင်မောင်ဦး နှင့် ဦးထက်ကျော်လင်း ဆိုသူတို့ (၃)ဦးဖြစ်ကြောင်း ၎င်းလှေသည် တောင်ကုတ်မြို့ ၊ ကမ်းဒေးကျေးရွာမှ သစ်များတင်ဆောင်၍ ၂၀၂၁ ခုနှစ် ၊ နိုဝင်ဘာ ၁၈ ရက်နေ့မှ စတင်ကာ အဆင့်ဆင့် ထွက်ခွာလာခဲ့ပြီး နတ်မြစ်အတွင်းသို့ ဝင်ကာ တစ်ဘက်ဘင်္ဂ လား ဒေ့ရှ်နိုင်ငံသို့ သွား ရောက်ရောင်းချရန် ထွက်ခွာလာစဉ် ဖမ်းဆီး ရမိခဲ့ပြီး တရားခံများအား ဉပဒေအရ အမှုဖွင့် အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - ဝေလ(ပြန်ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
ليست هناك تعليقات:
إرسال تعليق