တာလေမြို့၌ တောင်သူများအား နွေစပါးစံပြစိုက်ကွက် မျိုးစေ့ပေးအပ်ခြင်းနှင့် သိပ္ပံနည်းကျ စိုက်နည်းစနစ်များ ရှင်းလင်းဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာလေမြို့၌ တောင်သူများအား နွေစပါးစံပြစိုက်ကွက် မျိုးစေ့ပေးအပ်ခြင်းနှင့် သိပ္ပံနည်းကျ စိုက်နည်းစနစ်များ ရှင်းလင်းဆွေးနွေးပွဲကျင်းပ


တာလေ၊ နိုဝင်ဘာ  ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့၊ မိုင်းလင်းအနောက်ကျေးရွာအုပ်စု၊ ဝမ်ပိုင်းကျေးရွာ ကွင်းအမှတ် (၆၄) အတွင်း နွေစပါးဧက (၁၃၀) စိုက်ပျိုးရန်  စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား စပါးမျိုးစေ့ ထောက်ပံ့ပေးအပ်ခြင်းနှင့် သိပ္ပံနည်းကျ စိုက်နည်းစနစ်များ ရှင်းလင်းဆွေးနွေး ပွဲကို ယနေ့  နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ မျိုးစပါးမျိုးစေ့ ပေးအပ်ခြင်းနှင့် ရှင်းလင်းဆွေးနွေးပွဲတွင် မြို့စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးနေလင်းက လယ်စပါးများ အထွက်နှုန်း လျော့နည်းကျဆင်းခြင်း မရှိစေရေး သိပ္ပံနည်းကျ စိုက်နည်းစနစ်များကို တောင်သူများအား ရှင်းလင်းဆွေးနွေးပြီး ဝမ်ပိုင်းကျေးရွာ  ကွင်းအမှတ် (၆၄) အတွင်း တောင်သူများ၏ နွေစပါးစိုက်ဧက (၁၃၀) တွင် စိုက်ပျိုးရန် မြို့စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့် စပါးမျိုးစေ့များကို တောင်သူတစ်ဦးချင်းစီသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။

ရှင်းလင်းဆွေးနွေးပွဲသို့ တာလေမြို့ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးနေလင်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

သတင်း - အောင်ကျော်မိုး (ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)