မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲ နှင့် Fitness Dance ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲ နှင့် Fitness Dance ပြိုင်ပွဲကျင်းပ



ဘုတ်ပြင်း၊ နိုဝင်ဘာ ၂၉ 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲနှင့် Fitness Dance ပြိုင်ပွဲကို ယနေ့ နံနက်က မြို့နယ်အားကစားခန်းမတွင် ကျန်းမာရေးညွှန်ကြားချက်များနှင့် အညီ ကျင်းပလျက်ရှိကြောင်း သိရသည်။

ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အေရိုးဗစ်ပြိုင်ပွဲဝင်အသင်း (၆)သင်းနှင့် Fitness Dance ပြိုင်ပွဲဝင်အသင်း (၅)သင်း ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။ ပြိင်ပွဲဝင်များ၏ ယှဉ်ပြိုင် ကစားနေမှုအား မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဆရာဆရာမများနှင့် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူ များ ကြည့်ရှုအားပေးကြသည်။

ပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများအား နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ(၃)နာရီတွင် ဆုများပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)