NLD, PDF အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာများ၏ သတ်ဖြတ်မှုကြောင့် သံဃာတော် ၁၂ပါး ပျံလွန်တော်မူ၊ ပြည်သူတစ်ရပ်လုံး ပူးပေါင်းကာကွယ်သွားကြရန် သတင်းမှန် ထုတ်ပြန် - Myanmar National Post

Myanmar National Post

News Agency

Breaking

NLD, PDF အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာများ၏ သတ်ဖြတ်မှုကြောင့် သံဃာတော် ၁၂ပါး ပျံလွန်တော်မူ၊ ပြည်သူတစ်ရပ်လုံး ပူးပေါင်းကာကွယ်သွားကြရန် သတင်းမှန် ထုတ်ပြန်










နေပြည်တော်၊ နိုဝင်ဘာ ၁၆


NLD, PDF အစွးန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာများသည် တိုင်းတပါးသား၊ ဘာသာခြားတို့ထံမှ ငွေကြေး၊ လက်နက်များ အထောက်အပံ့ရယူပြီး သံဃာတော်များကို လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်နေသည့်အပေါ် 

နစက သတင်းမှန် ပြန်ကြားရေးအား မြန်မာနေရှင်နယ်ပို့စ်က ဆက်သွယ်မေးမြန်းခဲ့ရာ NLD, PDF အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာများ၏ သတ်ဖြတ်မှုကြောင့် သံဃာတော် ၁၂ပါး ပျံလွန်တော်မူခဲ့ရပြီး ပြည်သူတစ်ရပ်လုံးအနေဖြင့် ပူးပေါင်းကာကွယ်သွားကြရန် သတင်း ထုတ်ပြန်ခဲ့သည်။


NLD, CRPH, NUG, PDF အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာတွေရဲ့ သတ်ဖြတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရတဲ့ သံဃာတော် အရေအတွက်၊ ဆရာ/ဆရာမ (ပညာရေးဝန်ထမ်း) အရေအတွက်ကို သက်ဆိုင်ရာက မှတ်တမ်းထင်ထားတဲ့ စာရင်းရှိရင် ထုတ်ပြန်ပေးရန် မြန်မာနေရှင်နယ်ပို့စ်က မေးမြန်းခဲ့ခြင်းဖြစ်သည်။


NLD, PDF အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာများ၏ လု်ပကြံသတ်ဖြတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရသော ဆရာတော်များမှာ ဦးကေသရ (၄၅)ဝါ (မိုးမောက်)၊ ဦးသုဇာတ(၅၄)ဝါ (မိုးညှင့်း)၊ ဘဒ္ဒန္တပညာဇောတ (၁၆)ဝါ (မင်းတပ်)၊ ဦးပညာသာမိ  (ကနီ)၊ ဦးဉာဏိတ (ပုလဲ)၊ ဦးသုမင်္ဂလ (မင်းကင်း)၊ ဦးကုမာရ (ကောလင်း)၊ ဦးကောဝံသ (မင်းကင်း)၊ ဦးကေလာ (ကနီ)၊ အရှင်ဉာဏိန္ဒ (ကလေး)၊ ဦးဇင်းဒိန်းဒေါင် (မုံရွာ)၊ ဦးသောမဏ (ဝမ်းတွင်း) တို့ဖြစ်ကြောင်း (၁၁-၁၁-၂၀၂၁) ရက်နေ့အထိ လုပ်ကြံသတ်ဖြတ်ခံရသော သံဃာတော်များ စာရင်းကို ထုတ်ပြန်ထားသည်။


NLD, PDF အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာမိစ္ဆာများသည် တိုင်းတပါးသား၊ ဘာသာခြားများထံမှ ရရှိသော ငွေကြေး၊ လက်နက်များဖြင့် ကိုယ့်တိုင်းရင်းသားပြည်သူအချင်းချင်း သတ်ဖြတ်ရုံမျှမက ဘာသာခြားတို့ အလိုကျ သံဃာတော်များကိုပင် လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိရာ NLD, PDF အစွန်းရောက် အကြမ်းဖက် လုပ်ရပ်များကို ပြည်သူများက ရွံမုန်းလာကြသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)