နေပြည်တော် နိုဝင်ဘာ ၂၀
မြန်မာနိုင်ငံသည် ရဟန်းသံဃာ တော်များ၏ အဆုံးအမဩဝါဒဖြင့် ကြီးပြင်းသည့် လူနေမှုစရိုက်ကို အခြေပြုကာ ယဉ်ကျေးပျူငှာမှုရှိသည့် နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပြီး ရဟန်းသံဃာတော်များ၏ သာသနာတော်အရေး ကြိုးပမ်းထမ်းဆောင်ခဲ့မှုများကြောင့် ဗုဒ္ဓဘာသာ ကိုးကွယ်မှုများပြားသည့် နိုင်ငံများ အနက် ထေရဝါဒဗုဒ္ဓဘာသာ အထွန်းကားဆုံးနိုင်ငံအဖြစ် ကမ္ဘာ့နိုင်ငံများကပင် အသိအမှတ်ပြုထားရသည့် နိုင်ငံ ဖြစ်ပါသည်။ ယခုအခါ အကြမ်းဖက် အဖွဲ့များဖြစ်သော CRPH ၊ NUG နှင့် PDF အကြမ်းဖက်အဖွဲ့များသည် အပြစ်မဲ့ဝန်ထမ်းများနှင့် ပြည်သူများကိုသာမကဘဲ ရဟန်းသံဃာများကိုပင် ပစ်မှတ်ထား တိုက်ခိုက် သတ်ဖြတ်မှုများ လုပ်ဆောင်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၌ နိုဝင်ဘာလ ၁၉ ရက်နေ့က ရဟန်း သံဃာ ၁ ပါး အား PDF အကြမ်းဖက်အဖွဲ့မှ သတ်ဖြတ်ပြီး အလောင်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က မြောင်မြို့နယ်၊ ဘူးကိုင်း ကျေးရွာ ဘုန်းကြီးကျောင်း၌ သီတင်းသုံးလျက်ရှိသော ဆရာတော် ဥုးပိတ(ခ) ဦးဘမြင့် (၇၄)နှစ်အား PDF အကြမ်းဖက်အဖွဲ့ အင်အား ၃၀ ဦးခန့်မှ ဒလန်ဟုပြောဆိုကာ ဝိုင်းဝန်းသတ်ဖြတ်ခဲ့ပြီး ဆရာတော်၏ အလောင်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်
ဖြစ်စဉ်တွင် ရဟန်းသံဃာများအပေါ် အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် အကြမ်းဖက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
ليست هناك تعليقات:
إرسال تعليق