Pages

Pages

နမ္မတူတွင် အသက် (၄၅) နှစ်နှင့်အထက် ပြည်သူ ၁၂၀ ဦးအား ဒုတိယအကြိမ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်မံထိုးနှံပေး


နမ္မတူ၊ နိုဝင်ဘာ  ၁

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ဦးစားပေး အဆင့်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် (၈) နာရီခွဲ အချိန်တွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ အသက် (၄၅) နှစ်နှင့်အထက် ဒေသခံပြည်သူများအား ဒုတိယအကြိမ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထပ်မံထိုးနှံပေး လျက်ရှိသည်။

ထိုသို့ ထိုးနှံပေးရာတွင် အောက်တိုဘာလ (၁၄)ရက်နေ့တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံထားသည့် အသက် (၄၅)နှစ်နှင့်အထက် ဒေသခံပြည်သူ ၁၂၀ဦးအား ကာကွယ်ဆေးထိုးနေရာ နှစ်နေရာခွဲ၍ ကာကွယ်ဆေးများထိုးနှံပေးခဲ့ပြီး၊ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအားလည်း နောက်ရက် များတွင် ရပ်ကွက်အလိုက် ကာကွယ်ဆေးများ ထပ်မံထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာ‌နေရာသို့  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ နယ်မြေခံတပ်နယ်မှ  ဆရာဝန်နှင့် သူနာပြုများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဆရာဝန်နှင့် သူနာပြုများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီသူမျာပြုတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်း အဖွဲ့များမှ စေတနာ့ ဝန်ထမ်းများက ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးသည်။

နမ္မတူမြို့နယ်၌ ယနေ့တွင် အသက် (၄၅)နှစ်နှင့်အထက် ပြည်သူ ၁၂၀ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီးပြီဖြစ်သဖြင့်  မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ ၃၉၆၁ဦးအား ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံနိုင်ခဲ့ကြောင်း၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသည့် ဒေသခံပြည်သူ ၅၂၀ ဦး၊ အခြေခံပညာ အလယ်တန်း/အထက်တန်း ကျောင်းသား/ကျောင်းသူ ၈၃၆ ဦး စုစုပေါင်း ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ၁၃၃၆ဦး ရှိကြောင်း မြို့နယ်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နမ္မတူမြို့နယ်တွင် ဇွန်လ (၁၆) ရက်နေ့မှ ယနေ့ နံနက်ပိုင်း အချိန်အထိ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ၇၅၀ ဦးရှိပြီး၊ ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၆၈၇ ဦး ရှိကာ၊ ၂၃ ဦး သေဆုံးခဲ့ပြီး၊ ဆေးကုသဆဲ ပိုးတွေ့လူနာ ၄၁ ဦးရှိကြောင်း  သိရသည်။

သတင်း  - လူမော် (ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment