အသက်(၄၅)နှစ်​ပြည့်ပြီးသူများအား ကိုဗစ်- ၁၉ ကာကွယ်ဆေး (SINOPHARM) (ပထမအကြိမ်) တွံတေး၌ ဆဋ္ဌမနေ့ ဆက်လက်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

အသက်(၄၅)နှစ်​ပြည့်ပြီးသူများအား ကိုဗစ်- ၁၉ ကာကွယ်ဆေး (SINOPHARM) (ပထမအကြိမ်) တွံတေး၌ ဆဋ္ဌမနေ့ ဆက်လက်ထိုးနှံပေး




တွံတေး၊ နိုဝင်ဘာ  ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် အသက် ၄၅နှစ်ပြည့်ပြီး သူများအား (Phase-4) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ကို သက်ဆိုင်ရာ စုရပ်များအလိုက် ယနေ့နေ့နံနက် ၉နာရီအချိန်မှ စတင်ကာ ဆဋ္ဌမနေ့အဖြစ် သာသနာ့ဗိမာန်တော်ကြီးတွင်၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၄၅)နှစ်ပြည့်ပြီးသူများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများ၊  အစိုးရကျန်းမာရေး ဝန်ထမ်းများ ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတဝန်ထမ်းများ၊  သံဃာတော်များ၊ သီလရှင်များ၊ သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊  ယာဉ်မောင်းဆရာများ၊ ယာဉ်နောက်လိုက်များ၊ဆိုက်ကားဆရာများ၊ (ပုဂ္ဂလိက သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းမှ ဝန်ထမ်းများ)၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ၊ အခြားဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင်သူများ၊ စားသောက်ကုန် ပစ္စည်းရောင်းချသူများ၊ စားသောက်ဆိုင် လ္ဘက်ရည်ဆိုင်ရှိ ဝန်ထမ်းများ ၊ ဈေးသည်များနှင့် မသန်စွမ်းများအား ပဉ္စမနေ့ထိ (၁၃၀၅)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။ 

အဆိုပါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းကို သာသနာ့ဗိမာန်တော်ကြီးတွင် မြို့ပေါ်ရပ်ကွက်များ၊ ကျောင်းစု၊ ကဘင်းကြီး၊ အလယ်ချောင်း၊ကျွန်းဘက်ကရင်ချောင်း၊ ဂယက်လမီး၊ ရွှေလှေချောင်(တွံ) ကျေးရွာအုပ်စုရှိ ကျေးရွာများမှ အသက် ၄၅နှစ်ပြည့်ပြီးသူများအား (Phase-4) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (SINOPHARM) ပထမအကြိမ် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သတင်း - မျိုးလှိုင် 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)