Pages

Pages

သံတွဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေး

သံတွဲ၊ နိုဝင်ဘာ ၂၃

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီမှစ၍ သတ်မှတ်ဆေးထိုးစင်တာ (၁၁)ခုတွင် ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ထိုးနှံရာတွင် အောက်တိုဘာ ၂၅ ရက်နေ့တွင် ပထမအကြိမ် ထိုးနှံပြီးသည့် အသက် ၁၈နှစ်ပြည့် ပြီးသူများနှင့် ၆၅နှစ် အထက်ရှိ ပြည်သူများအား ယနေ့တွင်လည်းကောင်း  အောက်တိုဘာ ၂၆ ရက်နေ့တွင် ထိုးနှံခဲ့သူများအား  နိုဝင်ဘာ ၂၄ ရက်နေ့တို့တွင် ဒွါရာဝတီခန်းမနှင့် သတ်မှတ်စုရပ် ဆေးထိုးစင်တာများတွင် ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သံတွဲခရိုင်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق