တွံတေး၊ နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် အသက် ၄၅ နှစ်ပြည့်ပြီးသူများ အား (Phase-4) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်)ကို သက်ဆိုင်ရာ စုရပ်များအလိုက် ယနေ့နေ့နံနက် ၉ နာရီ အချိန်မှ စတင်ကာသတ္တမနေ့ အဖြစ်သာသနာ့ ဗိမာန်တော်ကြီးတွင်၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၄၅)နှစ်ပြည့်ပြီးသူများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများ၊ အစိုးရကျန်းမာရေး ဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတဝန်ထမ်းများ၊ သံဃာတော်များ၊ သီလရှင်များ၊ သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ယာဉ်မောင်းဆရာများ၊ ယာဉ်နောက်လိုက်များ၊ ဆိုက်ကားဆရာများ၊ (ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေး လုပ်ငန်းမှ ဝန်ထမ်းများ)၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ အခြားဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင်သူများ၊ စားသောက်ကုန် ပစ္စည်းရောင်းချသူများ၊ စားသောက်ဆိုင် လ္ဘက်ရည်ဆိုင်ရှိ ဝန်ထမ်းများ၊ ဈေးသည်များနှင့် မသန်စွမ်းများအား ပဉ္စမနေ့ထိ (၃၈၇၈)ဦးကိုထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းကို သာသနာ့ဗိမာန်တော်ကြီး၌ ယနေ့ မြို့ပေါ်ရပ်ကွက်များ၊ တမာတကော၊ ပဒန်ရေကျော်ခလောက်ချိုက်၊ မငေးအလယ်၊ ခရမ်းဝ၊ ပြသတိုက်၊ ကဒုံ၊ အတွင်း ရေကျော်၊ ရွှေလှေချောင်(တွံ)၊ တကလှဲ့၊ သဝန်းတော၊ ဇီးဖြူကုန်း၊ ကလီထော်၊ အရိုးတောင် ကျေးရွာအုပ်စု(၁၄)အုပ်စုရှ ိကျေးရွာများမှ အသက် ၄၅ နှစ်ပြည့်ပြီးသူများအား (Phase-4) ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး (SINOPHARM) ပထမအကြိမ်စတင် ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေး ကို ဒီဇင်ဘာ ၆ ရက်နအထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
သတင်း - မျိုးလှိုင်(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
ليست هناك تعليقات:
إرسال تعليق