မိုင်းယုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) စတုထ္ထအသုတ် ပထမအကြိမ်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) စတုထ္ထအသုတ် ပထမအကြိမ်ထိုးနှံ


မိုင်းယု၊ နိုဝင်ဘာ  ၂၉

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ နယ်စပ်ဒေသ မိုင်းယုမြို့ အတွင်းရှိ   အသက်(၁၈)နှစ်အထက် ပြည်သူများကို ယနေ့ နံနက် ၈ နာရီက   မြို့မ ရပ်ကွက်ရှိ ကားကြီးကွင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) စတုထ္ထအသုတ် ပထမအကြိမ် ထိုးနှံပေးခဲ့ကြသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) စတုထ္ထအသုတ် ပထမအကြိမ် ထိုးနှံရာသို့ မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ၏ ဦးအောင်ပြည့်ဖြိုး၊ စခန်းမှူး ရဲအုပ်အောင်ဇော်မင်းတို့၏ ကြီးကြပ်မှုဖြင့် ကော်မတီ အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ ဦးဆောင်ကာ အသက်(၁၈)နှစ်အထက်  ဒေသခံ ပြည်သူ မြို့မရပ်ကွက်မှ (၃၉) ဦး၊ တာကြန့်ကျေးရွာ အုပ်စုမှ(၄၂)ဦး၊ ဒွန်းနွဲ့ကျေးရွာ အုပ်စုမှ (၅) ဦးနှင့် မိုင်းလွေကျေးရွာ အုပ်စုမှ (၃၄)ဦး၊ စုစုပေါင်း (၁၂၀)ဦးတို့ကို ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ  ကိုယ်ပူချိန်များ တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း နှင့် ဆေးထိုး နှံခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်း - ကိုကိုနိုင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)