သာစည်မြို့နယ်တွင် ပြည်သူ ၉၉၀ ဦးတို့အား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ပထမအကြိမ် ဆက်လက် ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

သာစည်မြို့နယ်တွင် ပြည်သူ ၉၉၀ ဦးတို့အား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ပထမအကြိမ် ဆက်လက် ထိုးနှံပေး

သာစည်၊ နိုဝင်ဘာ  ၂၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ၊ သာစည်မြို့နယ်တွင် ပြည်သူ ၉၉၀ ဦးတို့အား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm  ပထမအကြိမ်အဖြစ် ယမန်နေ့ နံနက် ၉နာရီက မြို့နယ်စည်ပင်သာယာခန်းမ ဆေးထိုးစုရပ်နှင့် ဥသျှစ်ကုန်းကျေးရွာဆေးထိုးစုရပ်တို့တွင် ကာကွယ်ဆေး ထိုးနှံရေးအဖွဲ့များက ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသည့်  ကျန်းမာရေးဝန်ထမ်းများနှင့်  ဆေးထိုးနှံရေးပူးပေါင်းအဖွဲ့များက ကာကွယ်ဆေးထိုးနှံခြင်း မပြုမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်းချိန်တိုင်း တာခြင်းနှင့် သွေးတွင်းအောက်ဆီဂျင် တိုင်းတာခြင်းများ ဆောင်ရွက်၍ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးလျက်ရှိရာ  မြို့နယ်စည်ပင်သာယာဆေး ထိုးစုရပ်တွင် ပြည်သူ ၇၃၀ဦး၊  ဥသျှစ်ကုန်းကျေးရွာဆေးထိုးစုရပ်တွင် ၂၆၀ ဦး၊ စုစုပေါင်း ၉၉၀  ဦး တို့အား ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

သာစည်မြို့နယ်တွင် ပြည်သူများအား  ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများကို ဇူလိုင်လ ၃၁ ရက်မှ စတင်၍ ထိုးနှံပေးခဲ့ရာ နိုဝင်ဘာ ၂၂ရက် နေ့အထိ ကာကွယ်ဆေး လွှမ်းခြုံမှုအနေဖြင့် Sinopharm အမျိုးအစား ကာကွယ်ဆေး ပထမအကြိမ် ၅၄၅၂၄ ဦး၊ ဒုတိယအကြိမ် ၃၅၁၀၀ ဦး၊ Sinovac အမျိုးအစား ကာကွယ်ဆေး ပထမအကြိမ် ၁၆၃၄၀  ဦး ၊ ဒုတိယအကြိမ် ၆၀၅၉ ဦး၊ စုစုပေါင်း ၁၁၂၀၂၃  ဦး တို့အား   ထိုးနှံ‌‌ပေးခဲ့ပြီး ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)