ပူတင်နှင့် ဘိုင်ဒန် ဗီဒီယိုလင့်ခ်မှတစ်ဆင့် မကြာမီတွေ့ဆုံနိုင် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပူတင်နှင့် ဘိုင်ဒန် ဗီဒီယိုလင့်ခ်မှတစ်ဆင့် မကြာမီတွေ့ဆုံနိုင်


မော်စကို၊ ဒီဇင်ဘာ ၄ 

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်တို့သည် လာမည့်ရက်အနည်းငယ်အတွင်း အွန်လိုင်းအစည်းအဝေးတစ်ခု ပြုလုပ်နိုင်ဖွယ်ရှိကြောင်း ကရင်မလင်နန်းတော်မှ လက်ထောက် Yuri Ushakov က ဒီဇင်ဘာ ၃ ရက်တွင်ပြောကြားခဲ့သည်။

"ဒီဗီဒီယိုကွန်ဖရင့်အတွက် ကျွန်တော်တို့မှာ တိကျတဲ့ရက်စွဲနဲ့ အချိန်ရှိထားပါပြီ" ဟု Ushakov မှ သတင်းထောက်များအား သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ပြောကြားခဲ့သည်။

ခေါင်းဆောင်များက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ယခင်အစည်းအဝေးအတွင်း ရရှိခဲ့သည့် သဘောတူညီချက်များ အကောင်အထည်ဖော်ရေး၊ အာဖဂန်နစ္စတန်၊ အီရန်၊ လစ်ဗျားနှင့် ဆီးရီးယား နိုင်ငံများတွင် အခြေအနေများအပြင် ယူကရိန်းအကျပ်အတည်း အခြေအနေများကိုဆွေးနွေးရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပူတင်နှင့်ဘိုင်ဒင်တို့သည် မဟာဗျူဟာမြောက်တည်ငြိမ်ရေးအတွက် ကိစ္စရပ်များအားဆွေးနွေးရန် မျှော်လင့်ထားပြီး ရုရှားဘက်မှလည်း မြောက်အတ္တလန္တိတ်စာချုပ်ဝင်နိုင်ငံများအဖွဲ့(NATO) ၏ အရှေ့ဘက်သို့ နယ်မြေတိုးချဲ့မှုအပေါ် အာမခံချက်အား ဆေွးနွေးသွားမည်ဟု Ushakov က ပြောကြားခဲ့သည်။

ရေနံဈေးကွက်၊ ရာသီဥတုပြောင်းလဲမှုနှင့် COVID-19 ကပ်ရောဂါကို တိုက်ဖျက်ရေး စသည့်ကိစ္စရပ်များကိုလည်း ဆွေးနွေးသည့်အစီအစဉ်တွင် ပါဝင်နိုင်ကြောင်း ရုရှားအရာရှိက ပြောကြားခဲ့သည်။

ပူတင်-ဘိုင်ဒန် အစည်းအဝေး ပြုလုပ်မည့်ရက်ကို မသတ်မှတ်ရသေးသော်လည်း ဒီဇင်ဘာ ၇ ရက်ကို တွေ့ဆုံရန် စဉ်းစားထားကြောင်း ကရင်မလင်နန်းေတာ်၏ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ဒီဇင်ဘာ ၃ ရက် အစောပိုင်းတွင် ပြောကြားခဲ့သည်။


Ref - (ဆင်ဟွာ) 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)